top of page

Yeast

တဆေးဆိုတဲ့အရာက လူသားတွေရှာဖွေတွေ့ရှိခဲ့သမျှ အရာတွေထဲမှာ အစောဆုံးရှာဖွေတွေ့ရှိမှု့တွေထဲကတစ်ခုပဲဗျ ။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ တဆေးဆိုတဲ့အရာကို စာလုံးရေးသားနည်းမပေါ်ခင်ကတည်းကတွေ့ရှိပြီးအသုံးပြုခဲ့ကြတာတဲ့ ။ သမိုင်းသုတေသနပညာရှင်တွေကလွန်ခဲ့တဲ့ နှစ် 5000 ကျော်ကတည်းက အီဂျစ်လူမျိုးတွေက တဆေးကို ကစော်ဖောက်ပြီး အရက်ဘီယာချက်တဲ့ပညာရပ်မှာအသုံးပြုခဲ့ကြတယ်လို့ပြောတယ်ဗျ ။ အဲ့တာကြောင့် အီဂျစ်လူမျိုးတွေကို ကျွန်တော်တို့က ဂြိုလ်သားတွေနဲ့အဆက်အသွယ်ရှိတယ်ဆိုပီးထင်နေကြပြောနေကြတာပေါ့ ။ ဘာလို့လဲဆိုတော့ သူတို့အတွေးအခေါ်က ကျွန်တော်တို့ထပ် နှစ်ပေါင်း 3 /4 ထောင်ကျော်လောက်ကိုအရှေ့ကြိုရောက်နေခဲ့တာလေ ။ အဲ့တာကြောင့် သူတို့ကတဆေးကိုပထမဆုံးတွေ့တဲ့အပြင် တဆေးရဲ့အသုံးဝင်မှု့ကိုပါအရင်ဆုံးသိခဲ့ကြတာဗျ ။ ဒါပေမဲ့ သူတို့ခေတ်တုန်းက သိပ္ပံနည်းပညာမထွန်းကားသေးတော့ တဆေးနဲ့တွဲသုံးလို့အရက်က ကစော်ဖောက်ပြီး မူးသွားတာကို သူတို့ရဲ့နတ်ဘုရားက မှော်ဆန်တဲ့ဖြစ်ရပ်တွေဖန်တီးပေးတယ်ဆိုပြီးထင်ခဲ့ကြတာဗျ ။ သူတို့ခေတ်တုန်းကတော့ ကစော်ဖောက်တဲ့ပညာရပ်ကို အရက်ဘီယာချက်လုပ်တဲ့ဟာအပြင် ပေါင်မုန့်လုပ်တဲ့နေရာမှာပါထည့်သုံးလို့ရမှန်းသိရှိသွားပြန်တယ်ဗျ ။


ပေါင်မုန့်ပြုလုပ်တဲ့ဂျုံစေ့ထဲမှာပါဝင်တဲ့ သဘာဝဓာတ်စာက ကစော်ဖောက်ခြင်းကို အားပေးကူညီစေတယ် ။ အဲ့တော့ တဆေးနဲ့အတူတွဲသုံးလို့ရသွားတာပေါ့ဗျ ။ ဒါ့အပြင် Mircrobial Bacteria ပါဝင်တဲ့ သစ်ပင်ပန်းမန်တွေမှာလဲ လက်တစ်အက်စစ်နဲ့ Bacteria မျိုးစိတ်တူတွေရှိပြီးတော့ အဲ့မျိုးစိတ်တွေက ဂျုံစေ့မှာတွေ့ရတဲ့ပါဝင်ပစ္စည်းနဲ့အတူတူပဲဗျ ။ ဒီလိုနဲ့အချိန်တွေအတော်ကြာကြာဖြတ်သန်းလာတာနဲ့အမျှ တဆေးထည့်သွင်းပြီးပြုလုပ်ခြင်းဟာပိုမိုကျယ်ပြန့်လာပြီး ဘီယာတွေအရက်တွေ ဝိုင်တွေ ပေါင်မုန့်တွေအများအပြားထုတ်လုပ်လာကြတယ်ဗျ ။ နှစ်တွေအများကြီးကြာလာတဲ့အခါမှာတော့ ပေါင်မုန့်ပြုလုပ်ရင် တဆေးထည့်ပြီးပြုလုပ်ခြင်းက ရိုးရာဓလေ့တစ်ခုလိုဖြစ်ခဲ့တာပေါ့ဗျာ ။ ဟိုးအရင်နှစ်ပေါင်းများစွာက မုန့်ဖုတ်သမားကြီးတွေဟာ တဆေးဆိုတဲ့အရာဟာအစားအစာထဲထည့်သွင်းစားသောက်လို့ရမှန်းသိခဲ့ကြလို့ ကျွန်တော်တို့ပေါင်မုန့်ဆိုတဲ့အရာကို စားနိုင်တာပါ ။ 1860 ခုနှစ်နောက်ပိုင်းမှာတော့ Louis Pasteur ဆိုတဲ့သူက Microscope ကိုတီထွင်နိုင်ခဲ့တယ်တဲ့ ။ အဲ့ Microscope ကြောင့်ပဲတဆေးဆိုတာဟာ သက်ရှိဇီဝမျိုးစိတ်တစ်ခုဖြစ်ပြီး သူတို့တွေဟာ ဘီယာအရက်နဲ့ပေါင်မုန့်တွေကစော်ဖောက်ခြင်းကို့ဖစ်ပေါ်စေရန်ကြားခံအဖြစ်အကူညီပေးမှန်းကိုလေ့လာတွေ့ရှိခဲ့ရတယ်ဗျ ။ အဲ့ရှာဖွေတွေ့ရှိမှု့သိပ်မကြာခင်မှာပဲ တဆေးကို သန့်စင်တဲ့ တဆေးဖြစ်စေဖို့ နည်းလမ်းကိုတွေ့ခဲ့ကြတယ်ဗျ။ အဲ့ဒီ့ရှာဖွေတွေ့ရှိမှု့နဲ့ သက်ရှိဇီဝမျိုးစိတ်အမျိူးအစားဖြစ်တဲ့ တဆေးကို သန့်စင်တဲ့တဆေးရအောင် လုပ်ဆောင်နိုင်တဲ့ အချက်ရှိကြောင့်တွေ့ရှိခဲ့ရတယ်တဲ့ ။ အဲ့အဆင့်ထိသိရှိသွားပြီးနောက်မှာတော့ မုန့်ဖုတ်သမားတွေအတွက် တဆေးထုတ်လုပ်မှု့လုပ်ငန်းဟာထွက်ပေါ်ခဲ့ပြီး 20 ရာစုနောက်ပိုင်းမှာပိုမိုတွင်ကျယ်လာခဲ့တယ် ။ အဲ့အချိန်ကတည်းက မုန့်ဖုတ်သမားတွေ သိပ္ပံပညာရှင်တွေနဲ့ တဆေးထုတ်လုပ်သူတွေအတွက် သန့်စက်တဲ့ တဆေးကို မုန့်ဖုတ်ရာမှာသုံးစွဲခြင်းဟာအဓိက ကျလာခဲ့ပါတော့တယ်ခင်ဗျာ ။

Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Archive
Search By Tags
No tags yet.
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page